Our Laundry Service

2016 နှစ်ဟောင်းမှာ ကဲထားသမျှ
2017 နှစ်သစ်မှာ အထည်တွေလျှော်ဖို့ ပုံနေလို့ စိတ်ညစ်နေသလား။
📣📣 မန္တလေးမှာ Laundry Care - Myanmar ရှိနေပြီနော်။📢📢

ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့
အိမ်ကိုအရောက် လာယူပေးမှာ မို့ ဖုန်းလေးသာ ကလင်လိုက်ပါ ဗျို့ ။
📞📞 09961234331/09799995670

Happy New Year- 2017

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံနိုင်ကြပါစေ Laundry Care Family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Laundry Care Introduction & Price List

မင်္ဂလာပါခင်ဗျာ
Laundry Care (Myanmar) မှ မိတ်ဆွေတို့ရဲ့ အဝတ်အစားများ လျှော်ဖွတ်သန့်စင်ခြင်းများအတွက် အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင်ပေးသောစနစ် ( Door to Door service ) ဖြင့် မန္တလေးမြို့အတွင်း ဝန်ဆောင်မှုပေးနေပါပြီ။
Free delivery and pick up အခမဲ့ သယ်ယူပို့ဆောင်ပေးမည် ဖြစ်ပါ၍ သယ်ယူပို့ဆောင်ခအဖြစ် အပိုထပ်ဆောင်းပေးစရာမလိုပါ။

လူကြီးမင်းတို့ထံမှ ဖုန်းတစ်ချက်သာ ခေါ်ဆိုလိုက်ပါ ။
လျှော်ဖွတ်ရန် အပ်နှံပြီးသည့်အချိန်မှစ၍ ( ၄၈ ) နာရီ အတွင်း လူကြီးမင်းတို့ထံ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
📞 09-799995670 , 09-961234331,

How to Laundry???




<<<<<  Let Us Handle All of your Dirty Clothes!  >>>>>


How to Laundry???









Detergent
(Powder, Cream, Bar Soap)
အ၀တ်အထည်များကို လျှော်ဖွတ်ရန်အတွက်  အစွန်းအထင်းအညစ်အကြေးများကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်ပြီး အ၀တ်အထည်များကို  မွှေးရနံ့သင်းပျံ့စေသည့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခရင်မ်နှင့်  ဆပ်ပြာခဲများကို အသုံးပြုရပါမည်။


Softner
အ၀တ်အထည်များကို နူးညံ့မှုရှိစေရန် အသုံးပြုနိုင်သော အထည်ပျော့ဆေးဖြစ်ပြီး အ၀တ်အထည်များဆွေး ခြင်း၊ အရောင်ကျွတ်ခြင်းတို့ မဖြစ်စေနိုင်ပါ၊ Softner ကို အသုံးပြုထားသည့် အထည်များသည် မီးပူတိုက်ရ လွယ်ကူပြီး ပိုမိုသစ်လွင်တောက်ပစေနိုင်ပါသည်။  အသုံးပြုပုံမှာ  အ၀တ်အစားများ လျှော်ဖွတ်ပြီး နောက်ဆုံး ရေတွင် Softner ကို ထည့်သုံးရန်ဖြစ်ပြီး ရေပြန်ဆေးရည်မလိုပါ။ သင်းပျံ့သော ရနံ့ပါဝင်သော ကြောင့် ၀တ်ဆင်ထားချိန်တွင် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး အ၀တ်အစားများကို စတိုင်ကျကျသေသပ်စွာ ၀တ်ဆင်လိုသူများအတွက် အလွန်ပင်အသုံးဝင် အဆင်ပြေစေမည်ဖြစ်ပါသည်။

Starch 
မိုးရာသီတွင်လုံလောက်သော နေရောင် မရပဲ လေအေးနှင့်သာ ခြောက်သွေ့ရသော အ၀တ်အထည်များ ၏ အောက်သိုးသိုးအနံ့များ ပျောက်ကင်းစေရန် လည်ကောင်း၊ ကြေလွယ်သော အ၀တ်အထည်များကို မီးပူတိုက်ရာတွင် ရေစွတ်ရ၊ ကော်တင်ရသည့် ကရိကထများမှ ကင်းဝေးစေရန်လည်းကောင်း၊ Starch ကို အသုံးပြုနိုင်ပါသည်။ အ၀တ်ဖြန်းကော်ရည်သည် မီးပူတိုက်ရာတွင် စေးကပ်ကပ်မဖြစ်စေ ဘဲ သင်၏ အ၀တ်အစားများကို မွှေးပျံသပ်ရပ်ပြီး အတွန့်အကြေများ  ကင်းစင်စေမည်ဖြစ်ပါသည်။

Indigo
လျှော်ဖွတ်ပြီးသား အဖြူရောင်အ၀တ်များအတွက် မဲနယ်ကို ရေတွင်ဖျော်၍ အသုံးပြုပေးခြင်းဖြင့် အ၀တ်များ ကို အရောင်တောက်ပစေပါသည်။

Bleach
စွန်းထင်ပေကျန်နေသော အ၀တ်အထည်များကို ဖြူစင်သွားစေရန် အစွန်းချွတ်ဆေးကို အသုံးပြုနိုင်ပြီး အညစ်အကြေးများကိုလည်း အားစိုက်စရာမလိုဘဲ အလွယ်တကူ သန့်စင်စေနိုင်ပါသည်။

Laundry Box
မိမိအ၀တ်အထည်များကို သိမ်းဆည်းရန်အတွက် အဖုံးပါရှိသော Laundry Box များကို အသုံးပြုနိုင်ပါသည်။
Laundry Net
အ၀တ်လျှော်အိတ်သည် အ၀တ်အထည်များအား အ၀တ်လျှော်စက်ဖြင့် လျှော်ပါက ၄င်းအိတ်အတွင်းသို့ အ၀တ်အစားများကို ထည့်ပြီးမှ စက်အတွင်းထည့်လျှော်ရန်ဖြစ်ပါသည်။ အ၀တ်အထည်များကို စက်အတွင်းသို့ တိုက်ရိုက်မထည့်ပဲ ၄င်းအိတ်အတွင်းသို့ ထည့်ပြီးမှလျှော်ခြင်းဖြင့် စက်မှ နယ်သည့်ဒဏ်ကို အ၀တ်တွင် တိုက်ရိုက်မသက်ရောက်စေဘဲ သန့်စင်လျှော်ဖွတ်နိုင်သဖြင့် တန်ဖိုးကြီးအ၀တ်အစားနှင့် ပိုးသား၊ ဖဲသားကဲ့သို့ ပါးလွှားနူးညံသော အထည်များ လျှော်သည့်အခါတွင် အထူးအသုံးဝင်ပါသည်။

Washing Machine Cover
အ၀တ်လျှော်စက်ညစ်ပေခြင်းမှ ကာကွယ်ရန် Washing Machine Cover ကို အသုံးပြုနိုင်ပါသည်။ အလွယ်တကူတပ်ဆင်ဖြုတ်ခွာနိုင်ပြီး လျှော်ဖွတ်ရန်လည်း လွယ်ကူပါသည်။

Cloth Pegs, Hanger, Line
အ၀တ်များလျှော်ဖွတ်ပြီး အ၀တ်တန်း၌လှန်းလျှင် အ၀တ်များလွင့်စင်ပြုတ်ကျမသွားစေရန် အ၀တ်လှန်းချိတ် ကလစ်၊ အ၀တ်ချိတ်များကို အသုံးပြုနိုင်ပါသည်။ အ၀တ်ချိတ်များဖြင့် လှန်းခြင်းဖြင့် အ၀တ်အစားများကို  တွန့်ကြေညစ်ပတ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အ၀တ်အထည်များလျှော်ဖွတ်ပြီး အ၀တ်များလှန်းမည်ဆို လျှင် မရှိမဖြစ်လိုအပ်သည်မှာ အ၀တ်လှန်းကြိုးများ ဖြစ်ပါသည်။

Iron / Iron Board
လျှော်ဖွတ်ထားသော အ၀တ်အထည်များကို သပ်သပ်ရပ်ရပ်ဖြင့် အတွန့်အကြေများကင်းစင်အောင် မီးပူဖြင့် တိုက်ပေးရပါမည်။
Ironing Board များသည် အ၀တ်အစားများအား မီးပူတိုက်နိုင်စေရန် အကူအညီပေးမည့် မီးပူတိုက်စင်များ ဖြစ်ပါသည်။ မီးပူတိုက်စင်များ၏ ထူးခြားချက်မှာ အလေးချိန်ပေါ့ပါးခြင်၊ မိမိအလိုရှိရာ အမြင့်ကိုညှိယူနိုင်ခြင်း သုံးထားသောပစ္စည်းများ၏ အရည်အသွေးမြင့်မားခြင်း၊ အောက်ခံပြားပေါ်တွင် ဆန်းပြားသော ဒီဇိုင်းပုံစံများ ပါကာ ၀ါဂွမ်းဖြင့် ပြုလုပ်ထားသော အစွပ်ပါရှိခြင်း၊ စင်ပေါ်တွင် မီးပူထားရန်နေရာပါရှိခြင်း၊ မီးပူတိုက်စင်ခြေထောက်တွင်ပါရှိသော အစွပ်ကလေးများက ကြမ်းခင်းကို မထိခိုက်နိုင်အောင် ကာကွယ်ပေးခြင်းတို့ဖြစ်ပါသည်။

 

L.C Services




Competitive Pricing
လူကြီးမင်းတို့ ပေးချေထားတဲ့ တန်ဖိုးနဲ့ညီမျှတဲ့ ၀န်ဆောင်မှုမျိုးကို အခြားသော သာမန် အ၀တ်လျှော်ဆိုင် များထက်မတူ ကျွန်တော်တို့ L.C ရဲ့ အဆင့်ဆင့်သော အ၀တ်လျှော်ဖွတ်သန့်စင်မည့်အစီအစဉ်၊ သင့်တင့်သောဈေးနှုန်းဝန်ဆောင်မှုနှင့် အခမဲ့ အိမ်တိုင်ရာရောက် သယ်ယူပို့ဆောင်ပေးခြင်း ၀န်ဆောင်မှု၊

Customizable Services
ကျွန်တော်တို့ L.C မှ လူကြီးမင်းတို့ သဘောထားချက်ပေါ်မူတည်ပြီး လူကြီးမင်းတို့အကြိုက် ၀န်ဆောင်မှု ပေးပါမှာ။
လူကြီးမင်းတို့၏ လျှော်ဖွတ်အ၀တ်ထည်များ အပ်နှံလိုပါက နေ့စဉ်၊ တစ်ပါတ်နှစ်ကြိမ် (သို့) တစ်ပါတ်တစ်ကြိမ်၊ လူကြီးမင်းတို့ စိတ်တိုင်းကျ ကျွန်တော်တို့ L.C ကို အကြောင်းကြား၍ ၀န်ဆောင်မှု ကို ရယူနိုင်ပါပြီ။
လူကြီးမင်းတို့၏ အိမ်၊ အလုပ်၊ စက်ရုံ မည်သည့်နေရာတွင်ဖြစ်စေ ကျွန်တော်များ L.C မှ အခမဲ့ သယ်ယူ ပို့ဆောင်ပေးမည့် ၀န်ဆောင်မှု…..

Free Pickup and Delivery
ကျွန်တော်တို့ L.C မှ လူကြီးမင်းတို့၏ အ၀တ်အစားများအား အိမ်တိုင်ရာရောက်လာယူ၍ လျှော်ဖွတ်ပြီး အ၀တ်အစားများအား ပြန်လည်ပို့ဆောင်ပေးသော ၀န်ဆောင်မှုပါ အပါအ၀င်ဖြစ်ပါသည်။ ထို့သို့ယူဆောင်ပို့ဆောင်ခြင်းအားဖြင့် လူကြီးမင်းတို့အနေဖြင့် အပိုထပ်ဆောင်းပေးစရာမလိုပါဘူး၊ အရိုးသားဆုံးပြောရရင် လူကြီးမင်းတို့ လျှော်ဖွတ်မည့်အ၀တ်အစားကိုသာ လျှော်ဖွတ်မည့်အိတ်ထဲသာ ထည့်ထားပါ၊ ကျွန်တော်တို့မှ လာယူဆောင်သည့်အချိန်မှ ၄၈ နာရီအတွင်း လျှော်ဖွတ်ပြီးအ၀တ်များအား သေသပ်ကျနသော ထုတ်ပိုးစနစ်ဖြင့် အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးပါမည်။

Contact us: +95 9 799995670
Wechat ID: LCMyanmar
Address    : 55 Road , Between Bayint Naung Street & Aung Zay Ya Street, Yadanar Pone   Myoe Thit, Mandaly, Myanmar.

Laundry Care's Laundry Services



Laundry Care- L.C






L.C ဆိုတာ လူကြီးမင်းတို့ရဲ့ အ၀တ်တွေကို သန့်ရှင်းသပ်ရပ်စွာ အဆင့်မြင့်မြင့် လျှော်ဖွတ်ခြင်းနှင့် မီးပူတိုက်ခြင်းစတဲ့ ၀န်ဆောင်မှုတွေကို ပေးခြင်းဖြစ်ပါတယ်..
လူကြီးမင်းတို့ဟာ အ၀တ်လျှော်ဖို့အချိန်မရှိတဲ့အခါသော်လည်းကောင်း၊ အ၀တ်လျှော်သန့်စင်ခြင်း လုပ်ချင်ပေမယ့် စိတ်တိုင်းကျ မပြုလုပ်နိုင်ခဲ့သော်လည်းကောင်း၊ ထို့သို့သော် အခက်အခဲများအတွက် L.C မှ လူကြီးမင်းတို့ရဲ့ လိုအင်အတိုင်းအ၀တ်လျှော်ဖွတ်၊ သန့်စင်ခြင်း ၀န်ဆောင်မှုကို ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်…..
Free Pickup and Delivery ဖြစ်တဲ့အတွက် လူကြီးမင်းတို့မှ ဖုန်းတစ်ချက်သာ ခေါ်လိုက်ပါ၊ အိမ်တိုင်ရာရောက် Door to Door စနစ်ဖြင့် ၀န်ဆောင်မှု ပေးနေပါပြီ………………..

LAUNDRY CARE Myanmar







သန့်ရှင်း မွှေးပျံ့ နူးညံစတိုင်ကျစွာ ၀တ်ချင်သူများအတွက်  ကျွန်တော်တို့ LAUNDRY CARE မှ လူကြီးမင်းတို့၏အ၀တ်အထည်များအား အောက်ဖော်ပြပါနည်းလမ်းအဆင့်ဆင့်ဖြင့်  လျှော်ဖွတ်သန့်စင်ပေး၍ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးနေပါသည်။

Contact us : +95 9 799995670
Live in Mandalay

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme